Business Starter

၁၅ မိနစ်အတွင်း လုပ်ငန်းအတွက် ကိုယ်ပိုင် Website ရရှိနိုင်ပါပြီ

Website အပြည့်အစုံ မလိုအပ်သေးပေမယ့် Google တွင် ရှာတွေ့လွယ်ပြီး ဖောက်သည်များ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ယုံကြည်စိတ်ချရသော Official Presence တစ်ခု လိုအပ်နေသူတွေ အတွက်။

  • ✓ ကွန်ပျူတာ အထူးတလည် ကျွမ်းကျင်ရန် မလိုပါ
  • ✓ မိမိကိုယ်တိုင် အလွယ်တကူ ပြင်ဆင်အသုံးပြုနိုင်တယ်
  • ✓ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အားလုံးတွင် လှပစွာပေါ်တယ်
Business Name

Digital design studio for growing businesses.

[email protected]
Target Audience

Business Starter က ဘယ်သူတွေ အတွက်လဲ — ဘယ်လိုစမလဲ

"လုပ်ငန်းရှိပေမဲ့ Website အကြီးစားကြီးတွေ မလိုသေးဘူး" ဆိုတဲ့ သူတွေအတွက် တိတိကျကျ ရည်ရွယ်ထားပါတယ်။

✓ ဒီ Template က ဒီလို သူတွေအတွက်

  • စတင်ခါစ လုပ်ငန်း (Startup / Pre-launch) — လုပ်ငန်းအသစ် စတင်နေတဲ့ လုပ်ငန်းများ
  • Website အသေးစား လိုအပ်နေတဲ့ လုပ်ငန်းများ (New Company) — ကုမ္ပဏီအချက်အလက် နဲ့ ဆက်သွယ်ရန် သက်သက် လိုအပ်နေတဲ့ လုပ်ငန်းများ
  • အလွတ်တန်း ဝန်ဆောင်မှု ပေးသူများ နဲ့ နည်းပညာ အကြံပေးများ (Freelancer / Consultant) — မိမိဝန်ဆောင်မှုနဲ့ ဆက်သွယ်ရန် လိပ်စာကို ရှင်းရှင်းလင်းလင်း ပြချင်တဲ့ လုပ်ငန်းများ
  • နေအိမ် အခြေပြု နဲ့ ဒေသန္တရ လုပ်ငန်းငယ်များ (Small Shop) — အပြင် ဆိုင်ရှိပြီး အွန်လိုင်းမှပါ ရှာတွေ့စေချင်တဲ့ လုပ်ငန်းများ

✕ ဒီ Template က ဒီလိုသူတွေအတွက် မဟုတ်ပါ

  • စာမျက်နှာ အများအပြား လိုအပ်တဲ့ လုပ်ငန်းများ (About, Services, Team, Blog, Portfolio စသည်ဖြင့်)
  • အွန်လိုင်းမှ ငွေပေးချေ ဝယ်ယူနိုင်သော စနစ် (E-commerce Cart / Payment Gateway) လိုချင်တဲ့ လုပ်ငန်းများ
  • မက်ဆေ့ချ်ပေးပို့ရန် Form ဒါမှမဟုတ် အချက်အလက်သိမ်းဆည်းမည့် Dashboard လိုချင်တဲ့ လုပ်ငန်းများ
  • Website ကို ကိုယ်တိုင်ကိုယ်ကျ စာမျက်နှာတွေ တိုးချဲ့ရေးသားရမည့် CMS (WordPress / Wix) ပုံစံမျိုး လိုချင်တဲ့ လုပ်ငန်းများ
  • ဖောက်သည်များ အကောင့်ဝင်ရောက်နိုင်သည့် စနစ် (Customer Login / Account System) လိုအပ်တဲ့ လုပ်ငန်းများ

မစတင်မီ လိုအပ်မည့် အချက်အလက်များ

ဒီအချက်လေးတွေ အသင့်ရှိထားပြီဆိုရင်တော့ — ၁၅ မိနစ်အတွင်း လုပ်ငန်းအတွက် Website ကို Publish (လွှင့်တင် ) နိုင်ပါတယ်။

  • လုပ်ငန်း နာမည် (Business Name) — လုပ်ငန်း ဒါမှမဟုတ် ကုမ္ပဏီအမည်
  • လုပ်ငန်း အကျဉ်းချုပ် (One-line Description) — လုပ်ငန်းက ဘာတွေလုပ်ပေးလဲဆိုတာကို တစ်ကြောင်းတည်းနဲ့ ရှင်းပြချက်
  • အမှတ်တံဆိပ် ဒါမှမဟုတ် အက္ခရာပုံစံ (Logo / Initials) — လုပ်ငန်းနာမည်ရဲ့ အစစာလုံး ၂ လုံး (ဒါမှမဟုတ်) အမှတ်တံဆိပ် ပုံ
  • ဆက်သွယ်ရန် Email (Business Email) — ဖောက်သည်များ တိုက်ရိုက်ဆက်သွယ်မည့် Email
  • Social Media လိပ်စာများ (Social Profiles) — Facebook, Telegram, Viber ဒါမှမဟုတ် LinkedIn (၂ ခု ကနေ ၄ ခုအထိ)
  • Website (Domain Name) — (မရှိသေးလည်း အခမဲ့ အမည်ခံ (Free Subdomain) ဖြင့် ချက်ချင်း စတင်နိုင်ပါသည်)
  • ကွန်ပျူတာထဲက စာရိုက်တဲ့ Software (Text Editor) — ကွန်ပျူတာတိုင်းတွင် ပါရှိပြီးသား Notepad (ဒါမှမဟုတ်) စာသားဖတ် Software တစ်ခုခု ဥပမာ - Sublime Text
  • စိတ်ရှည်မှု ☺ — ၁၅ မိနစ်ခန့် အချိန်ပေးရန်

Website ထွက်လာဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ — အဆင့် (၈) ဆင့်

စိတ်မပူပါနဲ့၊ တကယ်လွယ်ပါတယ်။ အစစအရာရာ အဆင်သင့်ဖြစ်ပြီဆိုရင် ခန့်မှန်းခြေ (၁၅) မိနစ် လောက်နဲ့ ပြီးသွားမှာပါ။

အဆင့် ၁

Template ယူမယ်

၁ မိနစ်
အဆင့် ၂

ဖိုင် ဖွင့်မယ်

၁ မိနစ်
အဆင့် ၃

အချက်အလက် ဖြည့်မယ်

၅ မိနစ်
အဆင့် ၄

အရောင် ရွေးမယ်

၂ မိနစ်
အဆင့် ၅

Link တွေ ထည့်မယ်

၂ မိနစ်
အဆင့် ၆

ပြန်စစ်မယ်

၁ မိနစ်
အဆင့် ၇

အင်တာနက် ပေါ် တင်မယ် (Publish)

၃ မိနစ်
အဆင့် ၈

လုပ်ငန်း တိုးချဲ့မယ်

ongoing
Finished State

Template လေး ပြင်ပြီးသွားရင် လုပ်ငန်းရှင် အတွက် ဘာတွေ ရလာမလဲ

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လက်ထဲ တကယ်ရောက်လာမယ့် အကျိုးအမြတ်တွေကတော့...

  • Official Web Presence (Live URL) — ဖောက်သည်တွေ ချက်ချင်း ဝင်ကြည့်လို့ရမယ့် ကိုယ်ပိုင် Website Address အစစ်အမှန် တစ်ခု ရသွားပါပြီ။
  • Google မှာ ရှာတွေ့လွယ်ခြင်း (Organization JSON-LD) — Google မှာ လုပ်ငန်းရှင်ရဲ့ လုပ်ငန်းနာမည်ကို ရိုက်ရှာလိုက်တာနဲ့ ချက်ချင်း ပေါ်လာအောင် စီစဉ်ပေးပြီးသား ဖြစ်သွားပါမယ်။
  • Social Media မှာ မျှဝေတဲ့အခါ လှပခြင်း (Social Share Preview) — Facebook တို့ Telegram တို့မှာ Link ပို့ရင် ပုံလေးနဲ့ စာသားသပ်သပ်ရပ်ရပ် ပေါ်လာစေပါမယ်။
  • တိုက်ရိုက် ဆက်သွယ်လို့ရခြင်း (Working Email Contact) — ဖောက်သည်တွေ နှိပ်လိုက်တာနဲ့ လုပ်ငန်းရှင်ဆီ Email တိုက်ရိုက် ပို့လို့ရပါမယ်။
  • အမှတ်တံဆိပ် မရှိသေးရင်တောင် အဆင်ပြေခြင်း (Text-Mark Logo) — လုပ်ငန်း အမှတ်တံဆိပ် အဆင်သင့် မရှိသေးဘူးဆိုရင်တောင် လုပ်ငန်းနာမည်နဲ့ သပ်ရပ်တဲ့ အမှတ်တံဆိပ် စာသားပုံစံလေး ထွက်လာပါမယ်။
  • ဖုန်း အလင်း/အမှောင်အလိုက် ပြောင်းလဲခြင်း (Auto Dark Mode) — ကြည့်တဲ့သူရဲ့ ဖုန်း သို့မဟုတ် ကွန်ပျူတာ မှာ သုံးထားတဲ့ အလင်း/အမှောင် (Dark/Light mode) ကို အလိုအလျောက် ချိန်ညှိပေးပါမယ်။
  • အလွန် ပေါ့ပါးပြီး လုံခြုံခြင်း (Privacy-First) — လူသုံးများတဲ့ ခြေရာခံဆော့ဖ်ဝဲတွေ မပါဘဲ ဖိုင်အရွယ်အစား သေးငယ်တာကြောင့် မျက်စိတစ်မှိတ်အတွင်း ဖွင့်လို့ရပါမယ်။
  • အလွယ်တကူ တင်လို့ရခြင်း (Single-File Deploy) — ရှုပ်ထွေးတဲ့ ဆာဗာအလုပ်တွေ မလိုဘဲ ဖိုင်ကို ဆွဲထည့်လိုက်တာနဲ့ အင်တာနက် ပေါ် ရောက်သွားပါမယ်။

ဒီအချက် (၈) ချက်စလုံး ပြီးသွားပြီဆိုရင်တော့ — လုပ်ငန်းရှင်ရဲ့ Website က အပျော်တမ်း စမ်းလုပ်ထားတာ မဟုတ်တော့ဘဲ၊ လုပ်ငန်းသုံး တရားဝင် Website တစ်ခု (Official Business Presence) အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်သွားပါပြီ။

Step-by-Step Docs

ဖတ်ရမယ့် စာရွက်စာတမ်း (Master Ebook)

မလိုအပ်ဘဲ ရှုပ်ထွေးမှုမရှိဘဲ (၁၅) မိနစ်အတွင်း လွှင့်တင်နိုင်ရေးမှစ၍ ရေရှည် ထိန်းသိမ်းမှုအထိ စာရွက်စာတမ်း တစ်ခုတည်းတွင် စနစ်တကျ စုစည်းထားပေးပါသည်။

ဖတ်ရန် အစီအစဉ် ၁ စတင်ရန် → ၂ ပြင်ဆင်ရန် → ၃ လွှင့်တင်ရန် → ၄ ထိန်းသိမ်းရန်

Business Starter — Complete Master Ebook

Click လုပ်ပြီး စာကြည့်ပေးပါ။

License & Usage Rights

ဒီစာမျက်နှာလေးကတော့ ကိုယ်သုံးမယ့် starter package နဲ့ template တွေကို ဘယ်လိုပုံစံတွေနဲ့ အသုံးပြုခွင့်ရှိလဲဆိုတဲ့ မူပိုင်ခွင့်နဲ့ စည်းမျဉ်းစည်းကမ်းလေးတွေကို ရှင်းပြပေးထားတာပါ။

License & Usage Rights (အသုံးပြုခွင့်နဲ့ မူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများ)

ဒီ template လေးတွေကို သုံးတဲ့အခါ လိုက်နာရမယ့် အချက်လေးတွေနဲ့ အသုံးပြုခွင့် အသေးစိတ်ကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်။

  • ✓
    Personal & Commercial Use (လုပ်ခွင့်ပြုထားတာတွေ) — ကိုယ်ပိုင် business အတွက် သုံးနိုင်ပါတယ်
  • ✓
    Commercial Use — ကိုယ်ပိုင် Brand နဲ့ Company တွေအတွက် အသုံးပြုနိုင်ပါတယ်
  • ✓
    Modify — Design၊ Content နဲ့ Structure တွေကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်
  • ✓
    Copy — ကိုယ်ပိုင်အသုံးအတွက် မိတ္တူကူးယူ သုံးစွဲနိုင်ပါတယ်
  • ✕
    Redistribute — မူရင်းအတိုင်း တခြားသူများကို ပြန်လည်ဖြန့်ဝေခြင်း မလုပ်ရပါ
  • ✕
    Resell — နည်းနည်းပဲဖြစ်ဖြစ် ပြင်ဆင်ပြီး ဒီအတိုင်း ပြန်လည်ရောင်းချခြင်း မလုပ်ရပါ
  • ✕
    Sublicense / Rent / Lease — တတိယပုဂ္ဂိုလ်ထံ ငှားရမ်းခြင်း၊ လွှဲပြောင်းပေးခြင်း မလုပ်ရပါ
  • ✕
    SaaS / Public Hosting — တတိယအဖွဲ့အစည်းအတွက် ဝန်ဆောင်မှုပုံစံနဲ့ လက်ခံကျင်းပပေးတာမျိုး မလုပ်ရပါ
  • ✕
    Client Project — Client တွေအတွက် ဝန်ဆောင်မှုအနေနဲ့ တည်ဆောက်ပေးတာမျိုး မလုပ်ရပါ
  • ✕
    Remove Branding — Copyright နဲ့ Trademark ဖော်ပြချက်တွေကို ဖြုတ်ချခြင်း မလုပ်ရပါ
  • ✕
    Claim Authorship — ကိုယ်တိုင် အစကနေ ရေးသားဖန်တီးထားတာပါလို့ လိမ်လည်ပြောဆိုခြင်း မလုပ်ရပါ

⚠️ ဒီဆော့ဖ်ဝဲလ်ကို “ရှိရင်းစွဲအတိုင်း” (AS-Is) သာ ပေးအပ်ထားတာဖြစ်ပြီး အထူးတလည် အာမခံချက် တစ်စုံတစ်ရာ ပေးထားတာမျိုး မရှိပါဘူး။ အသုံးပြုလို့ ဖြစ်လာတဲ့ ဆုံးရှုံးမှု ဒါမှမဟုတ် တောင်းဆိုမှုတွေအတွက် Thet ဘက်က တာဝန်ယူပေးမှာ မဟုတ်ပါဘူးခင်ဗျာ။

© 2026 Thet. All Rights Reserved. — Base IP (Framework · Code Logic · Design Template) တွေရဲ့ မူပိုင်ခွင့်ကို Thet မှ သီးသန့် ထိန်းသိမ်းထားပါတယ်။

Coaching Hub

ကိုယ်တိုင် မလုပ်နိုင်သေးရင် — အတူတူ လုပ်ကြမယ်

Template က လုံးဝ အခမဲ့ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ လုပ်ငန်းနာမည်၊ အချက်အလက်တွေနဲ့ Setup လုပ်တဲ့နေရာမှာ အစအဆုံး လက်တွဲပြီး အတူတူ လုပ်ပေးမယ့်သူ လိုအပ်တယ်ဆိုရင်တော့ ဒီအဆင့်လေးတွေထဲက ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။

01

Brand Setup

အရောင်အသွေး၊ ဖောင့်နဲ့ ကိုယ့်လုပ်ငန်းရဲ့ ပုံစံအမျိုးအစား (Identity) တွေကို အတူတူ တိုင်ပင်ပြီး ချိန်ညှိပေးပါမယ်။

02

Content Writing

လုပ်ငန်းအကျဉ်းချုပ် (Description)၊ အီးမေးလ်နဲ့ ဆိုရှယ်မီဒီယာတွေမှာ တင်ဖို့ လိုအပ်တဲ့ စာသားလေးတွေကို အတူတူ ရေးသားပြင်ဆင်ပေးပါမယ်။

03

Technical Setup

ဒိုမိန်းချိတ်ဆက်တာ၊ DNS ချိန်တာ၊ Hosting တင်တာနဲ့ အင်တာနက်ပေါ်မှာ တကယ် Publish ဖြစ်တဲ့အထိ အဆင့်ချင်း လမ်းပြပေးပါမယ်။

04

Growth Strategy

မျက်စိတစ်မှိတ်အတွင်း ပြီးမယ့် One-page လေးကနေ နောင်တစ်ချိန်မှာ Full Website အဖြစ် ဘယ်လို ဆက်ချဲ့ရမလဲဆိုတာကို အကြံဉာဏ်ပေးပါမယ်။

Coaching ရယူရန် →

မှတ်ချက်: Coaching က မဖြစ်မနေ ယူရတာမျိုး မဟုတ်ပါဘူး။ Template နဲ့ Tutorial လေးအတိုင်း ကိုယ်တိုင်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

ရွေးချယ်စရာများ နှိုင်းယှဉ်ချက်

Coming Soon Page · Full Website · Business Starter

ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ဖြည်းဖြည်းချင်း ဆန်းစစ်ကြည့်ရအောင်။

အချက်အလက်
Coming Soon / Linktree
Business Starter
ပေးမည့် မြင်ကွင်း (Perception)
△ ခေတ္တရပ်ဆိုင်းထားပုံ (သို့) သေးငယ်ပုံပေါ်ခြင်း
✓ တကယ့် ပရော်ဖက်ရှင်နယ် လုပ်ငန်းတစ်ခုအဖြစ် မြင်စေခြင်း
လိပ်စာနှင့် ပိုင်ဆိုင်မှု (Hosting)
✕ သူတို့ ဒိုမိန်း၊ သူတို့ စည်းကမ်းတွေအောက်မှာ ရှိခြင်း
✓ ကိုယ်ပိုင် ဒိုမိန်းအပြည့်အစုံဖြင့် ပိုင်ဆိုင်ခြင်း
Organization Schema
✕ မပါဝင်ပါ
✓ JSON-LD structured data ပါဝင်ခြင်း
OG / Social Preview
△ Template ရဲ့ ပုံသေ အချက်အလက်များသာ ပါခြင်း
✓ လုပ်ငန်းသဘောသဘာဝအလျောက် စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း
သုံးစွဲသည့် နည်းပညာ (JavaScript)
✕ လေးလံသော ခြေရာခံစနစ်များ (Tracker JS) ပါဝင်ခြင်း
✓ ကင်းစင်ခြင်း (သန့်စင်သော HTML + CSS သက်သက်သာ)
ကိုယ်ရေးလုံခြုံမှု (Privacy)
✕ အချက်အလက်များ ခြေရာခံခံရခြင်း
✓ လုံးဝ လုံခြုံစိတ်ချရခြင်း (Trackers မပါရှိခြင်း)
ကုန်ကျစရိတ် (Cost)
△ တစ်လလျှင် $5 မှ $24 အထိ ကုန်ကျခြင်း
✓ အမြဲတမ်း အခမဲ့ဖြစ်ခြင်း
စတင်အသုံးပြုချိန် (Time to launch)
△ စာရင်းသွင်းမှုအပေါ် မူတည်ပြီး အချိန်စောင့်ရခြင်း
✓ ၁၅ မိနစ်အတွင်း အပြီးဖန်တီးနိုင်ခြင်း
ချဲ့ထွင်ပြင်ဆင်နိုင်မှု (Expandable)
✕ သတ်မှတ်ထားသော ပလက်ဖောင်းပေါ်တွင်သာ ကန့်သတ်ခံရခြင်း
✓ HTML ကုဒ်များကို အစအဆုံး ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း
အနှစ်ချုပ်အနေနဲ့ ပြောရရင် — Coming Soon page တွေက လုပ်ငန်းမစရသေးဘူးဆိုတဲ့ ခံစားချက်ကို ပေးတတ်ပြီး၊ Full Website တွေကျတော့ အချိန်ရော ဘတ်ဂျက်ပါ အများကြီး ရင်းနှီးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုကြားမှာ ရှိတဲ့ အကောင်းဆုံး အလယ်အလတ် (Mid-point) ဖြစ်တဲ့ Business Starter ကတော့ — လိုအပ်သလောက်သာ ပါဝင်တဲ့ (Production-minimal)၊ တစ်မျက်နှာစာ (One-page) နဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုအပြည့်အဝရှိလို့ ချက်ချင်း စတင်အသုံးပြုနိုင်မယ့် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

ထုတ်ဝေမှု နဲ့ ပြင်ဆင်မှု မှတ်တမ်း

  • v1.0 · အောက်တိုဘာ ၂၀၂၆ — စတင်ထုတ်ဝေမှု
  • အလွှာ ၅ဆင့် ပါသော တည်ဆောက်ပုံ · လေးလံသော JavaScript လုံးဝမပါပါ
  • Google တွင် ရှာရလွယ်ကူစေသော စနစ် (JSON-LD) ပါဝင်ခြင်း

အသုံးပြုရလွယ်ကူမှု အာမခံချက် (QA)

  • မျက်စိအလွယ်တကူ မြင်နိုင်သော အရောင်စံနှုန်း (WCAG 2.1 AA)
  • ကီးဘုတ်ဖြင့် လွယ်ကူစွာ နှိပ်၍ သွားလာနိုင်ခြင်း
  • ရွေးချယ်ထားမှုကို ရှင်းလင်းစွာ ပြသပေးခြင်း
  • ဖုန်း သို့မဟုတ် ကွန်ပျူတာ၏ မူလ ဆက်တင်အလိုက် အလိုအလျောက် Dark Mode ပြောင်းလဲပေးခြင်း
  • ခေတ်မီပြီး စံချိန်မီ HTML5 ဖြင့် တည်ဆောက်ထားခြင်း

ဒီဇိုင်း မူဝါဒ

ရှုပ်ထွေးမှုမရှိဘဲ လိုရင်းကိုသာ တိတိကျကျ ထိရောက်စေခြင်း။ လုပ်ငန်းအတွက် ယုံကြည်မှု၊ ဆက်သွယ်နိုင်မှု သို့မဟုတ် ရှင်းလင်းမှုကို မတိုးမြှင့်ပေးနိုင်သော Template များကို မဖန်တီးပါ။